Thursday, May 21, 2015

Posted by Yu Ya | 0 comments

လူမှုကွန်ယက် Facebook မှသိမှတ်ဖွယ်ရာများ


၁။ကျွန်တော်တို့တွေ အခုခေါ်ခေါ်နေတဲ့ Facebook ကိုယခင်တုန်းက thefacebook
လို့ခေါ်တယ်လို့ဆိုတယ်ဗျာ၊အဲဒီတုန်းကတော့ ဟားဗတ်တက္ကသိုလ် ကျောင်းသား၊
ကျောင်းသူတွေရဲ့  ကိုယ်ရေးအချက် အလက် တွေနဲ့ မှတ်တမ်းများကိုသိမ်း ဆည်းရန်
သာ အသုံးပြုဖို့သာဖြစ်တယ် လို့ဆိုတယ်၊၂၀၀၅ ခုနှစ်ရောက်မှ ကျွန်တော်တို့တွေ
ခေါ်နေကျအသံ ဖွဘွတ်(ခေါ်)Facebook လို့စတင်ခေါ်ဆိုတယ်လို့သိရတယ်ခင်ဗျ။
၂။ဟားဗက်မှာအသုံးပြုတဲ့ thefacebook ကိုလူတွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့
Zuckerburg ကလုပ်ဆောင်ပေးခဲ့တယ်ဆိုပေမယ့် စိတ်ကူးနဲ့အကြံဥာဏ်တွေကို ကူးချ
တယ်လို့ဆိုပြီး Facebook ကို အပိတ်ခံ ရလုနီးတောင် ဖြစ်ခဲ့တယ်ဆိုပဲ၊ "အင်း....
တကယ်လို့အပိတ်သာခံခဲ့ လို့က တော့ အခုလောက်ဆိုရင် ကျွန်တော်တို့တွေ တွယ်
တာလို့ခေါ်တဲ့ Twitter,LikeIn တို့နဲ့နှစ်ပါးသွား နေလောက်ပြီ"
၃။Facebook ကိုအခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Social Network
ရုပ်ရှင်ကား Golden Globes ဆုလေးဆုတောင်ရခဲ့တယ်ဆိုပဲ။ အဲဒီကားထဲ မှာဆိုရင်
Facebook နဲ့ပတ်သက်တဲ့နောက်ကြောင်းရာဇဝင်တွေ တရားရင် ဆိုင်ရပြီး အပိတ်ခံရ
လုနီးဖြစ်ခဲ့တဲ့ အကြောင်းတွေ စုံစုံလင်လင်ပါတယ်လို့ ကြည့်ဖူးတဲ့ သူတိုင်းကတော့
ပြောကြတာပဲ။ "ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး အသံဖမ်းတရားနာ လုပ်ထားတာ...
၎။မြန်မာပြည်မှာ Facebook ကိုတစ်လ မိနစ်ဘယ်လောက်သုံးတယ်ဆိုတာ တော့သိဘူး
.တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ မိနစ် ၇၀၀ တောင်သုံးကြတယ်တဲ့....
၅။နိုင်ငံတကာမှာ Facebook ကြောင့်မို့လို့ ရာဇဝတ်မှုများစွာကိုတောင် ဖော်ထုတ်ဖမ်း
ဆီးနိုင်ခဲ့တယ်တဲ့။ "မြန်မာပြည်မှာ Facebook နဲ့ရာဇဝတ်သားတွေကို လိုက်ဖမ်းတယ်
လို့တော့ ကြားဖူးသေးဘူး....ဘာလို့လည်းဆိုတော့ ဒီကရာဇဝတ်သားတွေက
ဖွဘွတ်ကို သိမှသိပဲကို..."
၆။Facebook ကိုအမြဲတမ်းနေ့စဉ်အသုံးပြုနေသူ ၁ ဘီလီယံတောင်ရှိတယ် ဆိုပဲ၊ ကျွန်တော်
တို့လို နေ့စဉ် Facebook မှာရေးနေရတဲ့သူတွေကိုဆိုလိုတာ နေမှာ....
၇။လူဦးရေ သန်း ၆၀၀ လောက်က Facebook ကိုဖုန်းနဲ့အသုံးပြုတဲ့။ "သူတို့များ ကွန်နက်
ရှင်ကောင်းလို့ထင်ပါရဲ့ "
၈။အမေရိကန်မှာ Facebook ကိုလူဦးရေ ၁၆၆ သန်းကအသုံးပြုပြီး ကမ္ဘာမှာသုံးစွဲမှုအများ
ဆုံးဖြစ်၊"အင်း....သိပ်တော့လည်း မထူးဆန်းပါဘူး...သူတို့ဆီမှာက လူဦးရေကများ တာကိုး
.မြန်မာပြည်မှာတောင် သုံးတဲ့သူ ၇ သိန်းလောက်ရှိသေးတာပဲ.. ဟုတ်ဖူးလား...နောက်ဆိုရင်
ဒီထက်တောင်များအုန်းမှာ..အတည်ပြောနေ တာနော်.."
၉။အဲ......ဖွဘွတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေကိုတောင်ကျော်ပြီး ဦးဆောင်နေပြီတဲ့ဗျ၊
အမျိုးသမီးတွေက ပျမ်းမျှတစ်လကို Status Update ၂၁ ကြိမ်ပြုလုပ်လျက်ရှိပြီး အမျိုး
သားတွေက ပျမ်းမျှ ၆ ကြိမ်သာရှိတဲ့။
"မီးနှုတ်ခမ်းနီးချိုးတာ လှရားဟင်....ဒီနေ့ ချော့ပင်ထွက်တယ်....." ထွက်ပဲထွက်နိုင်လွန်းတဲ့
ချော့ပင်...Status Update မှာတွေ့နေရတာတွေကို ပြောတာ.....
၁၀။ပြောလို့မဆုံးသေးဘူး Facebook မှာ Photo Uploaded ပေါင်းသန်း ၂၅၀ တောင်ရှိ
တယ်တဲ့၊အဲဒါက နေ့စဉ်တဲ့နော်...နေ့စဉ်.. ဒီလိုဆိုရင် မနည်းဘူးပဲ.....တင်လိုက်တဲ့ Photo
တွေ...
၁၁။အမေရိကန်မှာ အွန်းလိုင်းအရောင်းအဝယ်တွေကို ဖွဘွတ်နဲ့အသုံးပြု တာက ၉၅%ရှိပြီး
တွယ်တာနဲ့က ၆၂% ပဲရှိတယ်တဲ့...."ငါတို့ ဖွဘွတ်ကိုလာယှဉ်လို့ဘယ်ရမလည်း....ဟွန်း...."
၁၂။အဲဒါကတော့ အဆန်းဗျ...အဆန်း...နေဆန်းဟုတ်ဘူးနော်........ ကျွန်တော့်အတွက် ထူး
ဆန်းလွန်းလို့ပါဗျာ...တစ်ကမ္ဘာလုံး လွတ်လပ်စွာအသုံးပြုလို့ရနေတဲ့ Facebook ကိုတရုတ်၊
ဗီယမ်နမ်၊အီရန် တို့တွင်ပိတ်ပင်ထားတဲ့......" မြန်မာပြည်မှာသုံးလို့ရတယ်ဆိုတော့
အတော်လေးကိုပျော်နေလို့ မဖြစ်သေးဘူးဗျ...ဖွဘွတ်ကိုတချို့ကတလွဲတွေချည်းလုပ်နေလို့
ပိတ်မယ်လို့တော့ သဲ့သဲ့ လေးကြားနေရတယ်ဗျ..."ဒါကလည်း ဖြစ်သင့်တယ်ပဲဆိုရမှာလားပဲ
အဲလိုဆိုရင်တော့ ကျွန်တော်တို့တော့ ငှက်ပီ....ရေးစရာရှိတော့ဘူး....."
၁၃။ဘီလီယံ ၈၀ တောင်တန်တယ်တဲ့....လက်ရှိ Facebook ရဲ့ တန်ဖိုးက"ကယ်.....
မှုပိုင်ဝယ်ချင်တဲ့ သူရှိတယ်ဆိုရင်တော့ စဉ်းစားလို့ရတာပေါ့ဟုတ်ဘူးလား...."
၁၄။အလုပ်အရှုပ်ဆုံး ဝက်ဆိုဒ်အဖြစ် Google ပြီးရင် ဒုတိယနေရာမှာ ကျွန်တော်တို့ရဲ့ 
ဖွဘွတ်ကြီးတဲ့ဗျာ..."မြန်မာပြည်မှာတော့ လာမယှဉ်နဲ့ ဖွဘွတ်ကအလုပ်ရှုပ်ဆုံးပဲ...."
၁၅။ကမ္ဘာပေါ်မှာ ဖဲသမားတွေ၊လောင်းကစားသမားတွေ အများဆုံးဆိုတာFacebook
ကငြင်းလို့မရအောင် သက်သေပြနေပြီ၊ဘာလို့လည်းဆိုတော့Texas Hold’em Poker
လို့ခေါ်တဲ့ဂိမ်းအမျိုးစားက Fan page အဖွဲ့ဝင်သန်း ၇၀ ကြီးများတောင်ရှိတယ်တဲ့.....
Fan Page အဖွဲ့ဝင်အများဆုံးပေါ့ ဗျာ.......
၁၆။အောင်မငီး....အိုင်စလန်နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့
Facebook ကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်.....
"အဲဒါမှ တေပီဆရာပဲ...လက်လန်တယ်.."
၁၇။Facebook ရဲ့  URL အဆုံးသတ်မှာ အင်္ဂလိပ်အမှတ်စဉ်(4)ကိုပါရိုက်ထည့်မယ်ဆိုရင်
တည်ထောင်သူ Mark Zuckerberg ရဲ့  Wall Page ကိုဒါရိုက်ရောက်ရှိတယ်လို့ ပြောထား
တယ်ဗျ..."ကျွန်တော်လည်း ဘယ်ရမလည်း....စမ်းကြည့်တာပေါ့...ဒါပေမယ့်မရဘူး
ဖြစ်နေတယ်...ကျွန်တော်လုပ်တာပဲမဟုတ်လို့လား...သိတဲ့သူများရှိရင်...ပြောခဲ့နော်...."
၁၈။ဒါကတော့ ကြေငြာချက်ဗျ..Facebook ကအသုံးပြုသူကိုယ်ရေးအချက် အလက်တွေကို
Hack နိုင်ရင် အကောင့်တစ်ခုအတွက် ဒေါ်လာ ၅၀၀ချီးမြင့်မယ်တဲ့....မနည်းလွန်းဘူးလားလို့
...အဲဒါကြောင့်မို့လို့....Hack တော့ပါဘူး...
" အဲ....ခုမှသတိရတယ် မင်းသမီးအကောင့်တွေ အဟက်ခံရတယ်လို့ ဟိုတစ်
လောကကြားတယ်...အဲဒါသွားထုတ်လိုက်အုန်း...ဒေါ်လာ ၅၀၀..အဆင်ပြေရင်တစ်ဝက်
ခွဲပေး..."ကယ်....ဒါတွေကတော့ ဖွဘွတ်နဲ့သိမှတ်ရသလောက် ဝေငှထားတာပါ...
ဖတ်ရှုတဲ့ သူတွေကျေးဇူးအထူးတင်တယ်ဗျ..စလုံးပေါင်းမှားရင်လည်းမျက်လုံးမှာ ဆင်ဆာ
စနစ်တပ်ပြီး ပြင်ဖတ်ပေးပေါ့ဗျာ...
Ref;...ခွန်နေ(August Myanmar Media Group)
လေးစားစွာဖြင့်
NayLinHtet (IT-Guide)
တဆင့်ပြန်လည်​​ဖော်ပြ​ပေးခြင်းဖြစ်​ပါသည်

0 comments: