Saturday, February 14, 2015

Posted by မောင်ထက် | 0 comments

The Hobbit The Desolation of Smaug (2013) မြန်စာစာတန်းထိုး

ရုပ်သံအကြည် စာတန်းထိုးအမှန်နဲ့ တင်ပေးလိုက်ပါတယ်..။ဒီကားက တော့ Hobbit ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိတ် ဖြစ်ပြီး၊ Middle Earth ဇာတ်လမ်းတွေရဲ့ ပရိတ်သတ်တွေအတွက် နောက်ဆုံးပိတ် နုတ်ဆက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ နံပါတ်(၂) ဖြစ်တဲ့The Hobbit: The Desolation of Smaug(2013)ကိုမကြည့်ရသေးရင်ဒီမှာကြည့်ပါ..ဇာတ်လမ်းကတော့ ဒုတိယ Hobbit ကား အပြီးကနေ ဆက်ထားပြီး၊ Smaug က Laketown ကို ဖျက်ဆီးလိုက်ပြီး၊ Smaug ကိုလည်း Brad က Black Arrow သုံးပြီး ပစ်သတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Brad က Laketown လူတွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒီလို အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ လူတွေကို Brad က ဦးဆောင်ပြီး တောင်ကြားထဲက ရွှေတွေကို သွားယူပြီး ဘ၀အသစ်စဖို့ စီစဉ်ကြပါတယ်။ ဒုတိယ ကားမှာတုန်းက Thorin က တောင်ထဲက သူ့မြို့ ကိုပြန်သိမ်းဖို့အတွက် လက်နှက်နဲ့ လှေအကူအညီ ပေးဖို့တောင်းဆိုပြီး၊အောင်မြင်သွားရင် ရွှေတစ်ချို့ကို လူတွေကို ခွဲပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Thorin က သူ့ အဖိုးလို ပဲ လောဘတက်ပြီး စိတ်ဖောက်ပြန်သွားခဲ့ပါတယ်။ ဘယ်သူကိုမှ လည်း ပေးမ၀င်တော့သလို ရွှေတွေကိုပဲ ဖွက်ဖို့လုပ်နေခဲ့ပါတယ်။ Smaug(နဂါး) သေသွားပြီဆိုတာ သိလိုက်ရတဲ့ Elf နဲ့ အခြား Dwarf တွေအပြင် Orc တွေကလည်း တောင်ထဲက Dwarf မြို့ကိုသိမ်းဖို့ ချီတက်လာနေကြပါပြီ။ Orc တွေက ရွှေငွေတွေကို လိုချင်လို့ ချီတက်လာတာမဟုတ်ပဲ၊ ဒီတောင်ကြား က စစ်ရေးအရ အရေးပါတာကြောင့်သိမ်းချင်တာ ဖြစ်ပါတယ်။ ဒီမြို့ကို Orc တွေသိမ်းသွားရင်၊ Elf တွေရဲ့ မြို့တော်ဖြစ်တဲ့ Rivendell တို့ လူတွေရဲ့ အကြီးဆုံး မြို့ ဖြစ်တဲ့Gondor မြို့ တို့ကို တိုက်ရိုက် ချီတက် သိမ်းလို့ရသွားမှာဖြစ်ပါတယ်။ ဒါကို Man, Elf နဲ့ Dwarf တွေ အားလုံးပေါင်းပြီး ခုခံဖို့ Gandalf ကပြောပေမယ့် Thorin ကြောင့် အချင်းချင်း စစ်ဖြစ်ကြ ဖို့တာဆူနေကြပါတယ်။ ဒီကားက ဟာကွက်တွေများပေမယ့်လည်း မိသားစုတူတူ ကြည့်လို့ကောင်းပြီး၊ Action ကောင်းကောင်းတွေပါပါတယ်။ ဇာတ်လမ်းစပြီး သိပ်မကြာခင်မှာပဲ စစ်ပွဲတွေထဲကိုတန်း ရောက်သွားတာကြောင့် ဇာတ်လမ်း ပိုင်းမှာ အားနည်းသွားပေမယ့် Action/Adventure ပရိတ်သတ်တွေအတွက်ကတော့ စိတ်ကြေနပ်မှုရစေမှာပါ။ မိသားစုတူတူကြည့်နိုင်ပြီး။ No Sex, No Nudity ဖြစ်ပြီး။  ဒီကားထဲမှာ စိတ်ဝင်စားစရာ Dual တွေ တော်တော်များများပါတာကြောင့် လည်းလူတွေ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ရုပ်ရှင်အညွန်းကို#‎Sololay‬ရုပ်ရှင်မိတ်မှ ကိုးကားပါသည်..။pCloud ကနေဖိုင်ဆိုဒ် အကြီးအသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့ဒေါင်းဖို့ အဆင်မပြေရင်ဒီမှာဖတ်ပါ..
Download 1.5 GB

http://pc.cd/Yor

Download 590 MB

http://pc.cd/Lcr

ကျေးဇူးတင်ပါတယ်ချမ်းငြိမ်း-မှော်ဝန်း
http://www.channyein.org/

0 comments: